system unit တစ်လုံးကိုအပြင်ပန်းအရ လေ့လာကြည်မယ်ဆိုရင်သံ၊သတ္တုတိုဖြင့် တည်ဆောက်ထားသော အလုံပိတ်ပုံးတစ်လုံးဖြစ်တယ်ဆိုတာထက် မပိုပါဘူး။အချို့ ရှားရှားပါးပါးပလပ်စတစ်နှင့်လုပ်ထားတဲ့ပုံးမျိုးတွေလည်းရှိပါတယ်။အတွင်းပိုင်းမှာတော့ Power Supply ၊Motherboard ၊CD/DVD Drive ၊Sound Card ၊Graphic Card အစရှိသော ကွန်ပျူ တာအစိတ်ပိုင်း အသီးသီးတို့ ကို ထည့်သွင်းတပ်ဆင်ထားပါတယ်။အဲဒီလိုတပ်ဆင်နိုင်အောင်motherboard တပ်ဆင်ရမည့် နေရာ CD/DVD Drive တွေတပ်ဆင်ရမည့်နေရာစသည်ဖြင့် သူနေရာနှင့်သူနေသားတကျ့ ဖြစ်အောင် စီမံထားပါတယ်အောက်ဖော်ပြပါပုံကတော့ Tower လို့ ခေါ်သည့် ယနေ့ လူသုံးအများဆုံး Desktop System Unit တစ်လုံးပဲဖြစ်ပါတယ်။
Towerဆိုတာကတော့ ထောင်လျက်ပုံစံအနေအထားဖြင့် ကြမ်းခင်း(သို့ )
စားပွဲပေါ်မှာ ချသုံးနိုင်အောင်ပုံစံထုပ်ထားသောပုံးဖြစ်ပါတယ် keyboard၊mouse
အပါအဝင်ကွန်ပျူ တာတစ်လုံး၏ အစိတ်အပိုင်းအားလုံးနီးပါးတို့ သည် cable တို
့ကိုသုံးပြီး system unit ဆီသို
့လာရောက်ချိတ်ဆက်အသုံးပြုကြရပါတယ်။အဲဒီလိုပစ္စည်းအမျိုးမျိုးတို
့ပြင်ပမှလာရောက်ချိတ်ဆက်နိုင်ရန်အတွက် system unit ၏ နောက်ဘက်တွင်port
အမျိုးမျိုးပါရှိပါတယ်။port တို့ ၏ ပုံသဏ္ဍာန် အရွယ်အစားသည်
တပ်ဆင်အသုံးပြုရမည့် ပစ္စည်းပေါ်မူတည်ပြီး
တစ်ခုနှင့်တစ်ခုမတူကြသည့်အတွက်ကြောင့်နေရာလွဲမှား
တပ်ဆင်ခြင်းမှကင်းဝေးစေပါတယ်။
၁ Buying Guide
System Unitပုံးလွတ် တစ်ခုကို ဝယ်ယူတဲ့အခါအများအားဖြင့် power supply ကို ပုံးထဲမှာ တစ်ပါတည်းတပ်ဆင်ပြီးရောင်းချလေ့ရှိပါတယ်။ဒါကြောင့် ပုံးရဲ့ အရွယ်အစား ကြံ့ခိုင်မှုတို့ အပြင် တစ်ပါတည်းပါရှိမယ် power supply ၏ ဝန်ထမ်းနိုင်မှု Watt(ဥပမာ-300w,400w,550w)အနည်းအများပေါ်မူတည်ပြီး တန်ဖိုးသက်မှတ်ချက်လည်းပြောင်းလဲပါတယ်။ ယျေ ဘူယျအားဖြင့် power supply ၏Watt ပိုများရင်ပိုကောင်းမယ်ပေါ့။ သို့ သော်လည်းသူတို့ ကြော်ငြာရောင်းချတဲ့ Watt အတိုင်း တကယ်လိုက်ပါလုပ်ဆောင်နိုင်မည့် power supply မျိုးဖြစ်ဖို့ ကသာလျှင် ပိုအရေးကြီးပါတယ်။
http.www.kosanminzaw.com

jbl
ReplyDeleteko
ReplyDelete